Sunday, 30 June 2013
ဘယ်သူ့ကြောင့်လဲ
သခိုးတစ်ယောက်လို
သခင့်ကို ကြိုးနဲ့တုပ်ခဲ့တာ
ဘယ်သူလဲသခင်. . .
အန္နာအိမ်တော်မှာ
သခင့်ပါးကို ရိုက်ခဲ့တာ
ဘယ်သူလဲသခင်. . .
သခင့်မျက်နှာကို
တံတွေးနှင့်ထွေးခဲ့တာ
ဘယ်သူလဲသခင့်. . .
တိရစ္ဆာန်တစ်ကောင်လို
သခင့်ကို ရိုက်နှက်ခဲ့တာ
ဘယ်သူလဲသခင်. . .
သခင့်ခေါင်းပေါ်
ဆူးရစ်သရဖူဆောင်းပေးခဲ့တာ
ဘယ်သူလဲသခင်. . .
သခင့်ပခုံးပေါ်
ဧရာမကားတိုင်ကြီး
ချပေးခဲ့တာ
ဘယ်သူလဲသခင်. . .
ပုန်းရည်ခါးခါးနဲ့
သခင်ကို တိုက်ခဲ့တာ
ဘယ်သူလဲသခင်. . .
သံမှိုနဲ့ သခင့်ကို
အားရပါးရ
ရိုက်နှက်ခဲ့တာ
ဘယ်သူလဲသခင်. . .
အချစ်များနဲ့
ပြည့်လျှံနေတဲ့
သခင့်ရဲ့နှလုံးသားကို
လှံနဲ့ထိုးရက်ခဲ့တာ
ဘယ်သူလဲသခင်. . .
ဒါတွေအားလုံး
ဖြစ်ခဲ့ရတာဘဝဇမ္ဖူမှာ
အတ္တကောင်ဖြစ်တဲ့
"ငါ"ဆိုတဲ့
အပြစ်သားကြောင့်ပါသခင် . . . .။
စင်ယော်(ငွေတောင်)
သခင့်ကို ကြိုးနဲ့တုပ်ခဲ့တာ
ဘယ်သူလဲသခင်. . .
အန္နာအိမ်တော်မှာ
သခင့်ပါးကို ရိုက်ခဲ့တာ
ဘယ်သူလဲသခင်. . .
သခင့်မျက်နှာကို
တံတွေးနှင့်ထွေးခဲ့တာ
ဘယ်သူလဲသခင့်. . .
တိရစ္ဆာန်တစ်ကောင်လို
သခင့်ကို ရိုက်နှက်ခဲ့တာ
ဘယ်သူလဲသခင်. . .
သခင့်ခေါင်းပေါ်
ဆူးရစ်သရဖူဆောင်းပေးခဲ့တာ
ဘယ်သူလဲသခင်. . .
သခင့်ပခုံးပေါ်
ဧရာမကားတိုင်ကြီး
ချပေးခဲ့တာ
ဘယ်သူလဲသခင်. . .
ပုန်းရည်ခါးခါးနဲ့
သခင်ကို တိုက်ခဲ့တာ
ဘယ်သူလဲသခင်. . .
သံမှိုနဲ့ သခင့်ကို
အားရပါးရ
ရိုက်နှက်ခဲ့တာ
ဘယ်သူလဲသခင်. . .
အချစ်များနဲ့
ပြည့်လျှံနေတဲ့
သခင့်ရဲ့နှလုံးသားကို
လှံနဲ့ထိုးရက်ခဲ့တာ
ဘယ်သူလဲသခင်. . .
ဒါတွေအားလုံး
ဖြစ်ခဲ့ရတာဘဝဇမ္ဖူမှာ
အတ္တကောင်ဖြစ်တဲ့
"ငါ"ဆိုတဲ့
အပြစ်သားကြောင့်ပါသခင် . . . .။
စင်ယော်(ငွေတောင်)
Link
ကဗျာ
Saturday, 29 June 2013
၁၃ကြိမ်မြောက်သာမာတနင်္ဂနွေနေ့အတွက် တရားမှတ်စု
(လုကာ ၉း၅၁-၅၆) :
လွတ်လပ်မှု့နှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့မိတိုင်း အစာမကြေတာလေးတွေဖြစ်တတ်ပါတယ်။ တင်းမာတတ်ကြပါတယ်။ ရုန်းရင်းဆန်ခပ်ဖြစ်တတ်ပါတယ်။ သို့ပေမယ့်လည်း ထိုကဲ့သို့ ရုန်းရင်းဆန်ခပ်မှု့၊ အကြမ်းဖက်မှု့နှင့် မဖြေရှင်းကြဖို့ ခရစ်တော်က ယနေ့ကျမ်းစာတော်ထဲတွင် တပည့်တော်ကြီး နှစ်ပါး၏ အပြောအဆိုကို ပြစ်တင်ဆုံးမခဲ့ခြင်းအားဖြင့် သွန်သင်ခဲ့ပါတယ်။
တကယ်တော့ မတူညီတာတွေ၊ ကွဲပြားနေတာတွေက ဘုရားပေးလက်ဆောင်တွေပါ။ ဒါတွေကို စုစည်းပြီးမှ သင်ခန်းစာ၊ အတွေ့အကြုံ၊ နည်းလမ်းတွေ၊ နိယာမတွေ စသဖြင့် လူတွေ စဉ်းစားဆင်ခြင်လေ့လာကြဖို့ပါ။
သူလည်းလွတ်တယ်- ကိုယ်လည်းလွတ်တယ်ဆိုပြီး ကိုယ်လုပ်ချင်တာလုပ်ဖို့မဟုတ်ပါ ဘူး။ အပြန်အလှန်လေးစားပြီး လက်တွဲလုပ်ဆောင်တတ်ကြဖို့ပါ။ တကယ်တော့ လွတ်လပ်ခြင်းဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ဖို့မဟုတ်ဘဲ ကိုယ်လုပ်သင့်တာကို လုပ်နိုင်ဖို့ အင်အားတစ်ခု၊ ခွန်အားတစ်ခု၊ လက်နက်တစ်ခုသာ ဖြစ်ပါတယ်။ . . .
ကိုရင် (ဒိုမီနီကန်)
လွတ်လပ်မှု့နှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့မိတိုင်း အစာမကြေတာလေးတွေဖြစ်တတ်ပါတယ်။ တင်းမာတတ်ကြပါတယ်။ ရုန်းရင်းဆန်ခပ်ဖြစ်တတ်ပါတယ်။ သို့ပေမယ့်လည်း ထိုကဲ့သို့ ရုန်းရင်းဆန်ခပ်မှု့၊ အကြမ်းဖက်မှု့နှင့် မဖြေရှင်းကြဖို့ ခရစ်တော်က ယနေ့ကျမ်းစာတော်ထဲတွင် တပည့်တော်ကြီး နှစ်ပါး၏ အပြောအဆိုကို ပြစ်တင်ဆုံးမခဲ့ခြင်းအားဖြင့် သွန်သင်ခဲ့ပါတယ်။
တကယ်တော့ မတူညီတာတွေ၊ ကွဲပြားနေတာတွေက ဘုရားပေးလက်ဆောင်တွေပါ။ ဒါတွေကို စုစည်းပြီးမှ သင်ခန်းစာ၊ အတွေ့အကြုံ၊ နည်းလမ်းတွေ၊ နိယာမတွေ စသဖြင့် လူတွေ စဉ်းစားဆင်ခြင်လေ့လာကြဖို့ပါ။
သူလည်းလွတ်တယ်- ကိုယ်လည်းလွတ်တယ်ဆိုပြီး ကိုယ်လုပ်ချင်တာလုပ်ဖို့မဟုတ်ပါ
ကိုရင် (ဒိုမီနီကန်)
Friday, 28 June 2013
ကမ္ဘာပေါ်ရှိခရစ်ယာန်ဘာသာများစတင်တည်ထောင်သည့်နှစ်များ

ယေဇူးသခင်သည်၊သံပေတရုအားကောင်းကင်ရွှေနိုင်ငံသော့ကိုပေး၍ သန့်ရှင်းမြင့်မြတ်သောကက်သလစ်အသင်းတော်ကြီးအား အုပ်ချုပ်စေခဲ့သည်၊သံပေတရု နောက် ကက်သလစ်အသင်းတော် အား ရဟန်းမင်း ကြီးများအဆက်ဆက်အုပ်ချုပ်လာခဲ့ သည်မှာယခု ပုပ်ရဟန်းမင်းကြီး FRANCIS လက်ထက်အထိဖြစ်သည်။
ယေဇူးသခင်သည်။ ကက်သလစ် အသင်းတော်အား စက္ကမင်းတူ(၇)ပါးနှင့် တည်ထောင် အုပ်ချုပ်ခဲ့သည်။ A-D ၈၈၆-၁၀၅၄တွင်(ORTHODOX) ဂိုဏ်တည် ထောင်သူ ( HPOTIUS) တည် ထောင်သည့်နေရာ (CONSTANTIONPLE) ဖြစ်ပြီး စက္ကရမင်းတူ(၇)ပါးနှင့်တည်ထောင်ထားပသည်။ A-D ၁၅၁၇တွင်(LUTHERAN )ဂိုဏ် တည်ထောင်သူ( MART-IN LUTHER)ဖြစ်ပြီး စက္ကရမင်းတူ(၂)နှင့်တည်ထောင်ထားသည်၊ထိုဂိုဏ်မှ ခွဲထွက်ဂိုဏ်ငယ် (၂၂)ခုရှိသည်။ ၁၅၂၀-တွင်(RADICAL) ဂိုဏ်။ ၁၅၂၁- တွင်(ANABAPTIST) ဂိုဏ် သည်(RADICAL)ခွဲထွက်ပြီးတည်ထောင် သူ(NICHOLAS STORCK) တည်ထောင်သည့် နေရာ (GERMANY) တွင်ဖြစ်ပြီး နှစ်ဂိုဏ် လုံး စက္ကမင်းတူ အသုံး ပြုခြင်း မရှိပါ။ -၁၅၃၄ တွင်(ANGLICAN)ဂိုဏ် တည် ထောင်သူ (HENRY KING VIII) တည်ထောင် သည့်နေရာ (ENGLAND) ဖြစ်ပြီး စက္ကရမင်းတူ(၂)ပါးနှင့်တည်ထောင်သည်။ -၁၅၃၆ တွင်(CALVIN)ဂိုဏ်တည်ထောင် သူ (JOHNCALVIN) တည်ထောင်သည့်နေရာ(SWITZERLAD) ဖြစ်ပြီး စက္ကမင်း တူ တစ်ပါးမှအသုံး ပြု ခြင်းမရှိပါ။ ၁၇၃၉ တွင် (METHODIST) ဂိုဏ် တည်ထောင်သူ (JOHN WESLEY) တည် ထောင်သည် နေရာ(ENGLAND)ဖြစ်ပြီးစက္ကမင်းတူ တစ် ပါး မှအသုံးပြုခြင်းမရှိ ပါ ဘူး။ ထိုဂိုဏ်မှခွဲထွက်ဂိုဏ်ငယ် (၆၀) ရှိပါသည်။ ၁၆၀၆ - ၃၉ တွင်(BAPTIST) ဂိုဏ် တည်ထောင်သူ (JOHN SMYTH) (England) နှင့် (ROGER- WILLIAMS) (America) တို့ ဖြစ်ပြီး ထိုသူနှစ်ဦးတို့ သည် (ANGLICAN ) နှင့်(ANAB APTIST)ဂိုဏ်တို့မှခွဲထွက်လာသူများဖြစ်ကြပြီးစက္ကရမင်းတူ(၂)ပါးဖြင့်တည် ထောင်သည်။ ထိုဂိုဏ်မှခွဲထွက်ူဂိုဏ်ငယ် (၃၀)ရှိသည်။ ၁၈၁၇တွင် (EVANG -ELICAL)ဂိုဏ်တည်ထောင်သူ(FRENDERICK WILLIAM) တည်ထောင်သည်နေရာ(GERMANY)ဖြစ်ပြီး စက္က ရမင်းတူ တစ်ပါးမှ အသုံးပြုခြင်းမရှိပါဘူး။ ထိုဂိုဏ်သည် (LUTHERAN)ဂိုဏ် မှခွဲထွက်လာသော ဂိုဏ် ဖြစ်သည်။ ၁၈၄၅တွင် (SEVENTH -DAY ADVENTIST)ဂိုဏ် တည်ထောင်သူ (MAS.E.G. WHI -TE) တည် ထောင်သည့် နေရာ(BATTLE CRECH)ဖြစ်ပြီး စက္ကရမင်းတူ တစ်ပါးမှ အသုံးပြုခြင်းမရှိ ပါ ဘူး..။
ဤသိုးခြံ သို့ မဝင်သေးသော အခြားသိုး တို့ ကိုလည်း ငါ ပိုင်သေး၏။ ထို သိုးတို့ကို ငါဆောင်ခဲ့ရမည်၊ သူတို့  သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါး တည်းရှိရလိမ်မည်......။
(ရှင်ယောဟန်ခရစ်ဝင်-၁၀း၁၆)
ဖက်ရှုသူအပေါင်းဘုရားသခင်၏ကျေးဇူးတော်များပြည်စုံစွာခံစားရပါစေ..

ဘုရားသခင်၏ ပညတ်တော်
ဘုရားသခင်၏ အကြီးဆုံးပညတ်ကားအဘယ်နည်း။(၁)ဘုရားသခင် ကိုစိတ်နှစ်လုံးအကြွင်းမဲ့၊ ဥာဏ်စွမ်းရှိသမျှနှင့်ချစ်ရန်။ (၂)နီးစပ်သောသူတို့ကိုကိုယ်နှင့်အ မျှချစ်ရန် ဖြစ်ပါသည်။ အချို့ သောပုဂ္ဂိုလ်များသည်ငါတို့သည်ဘုရားသခင်ကိုချစ်သည် ဘုရားသခင်ကိုချစ်ရုံနှင့်ပြီး ပြည့်စုံ ပြီဟုထင်တက်ကြပါသည်၊လွှဲမှားသောအယူအဆဖြစ် ပါသည်။ ဘုရားသခင်ကိုချစ်ပြီး ဘုရား သခင်ပြောသမျှ ဟောကြားသောမင်္ဂလာ တရား တော်များနှင့်ပညတ်တော်များကို မလိုက် နာ ဘဲနေလျှင်ဘုရားသခင်ကိုချစ်ရာရောက် တယ်လိုသင်ပြောနိုင်ပါ သလား၊ဘုရားသခင်ကိုသင် ချစ်ကြောင်းဘယ်လိုသက်သေပြမ လဲ၊ သက်သေပြရန်လွယ်ကူပါတယ်၊ (ရှင်ယောဟန် ခရစ် ဝင် -၁၄း၁၅) မှာ ငါ့ကိုသင်တို့ ချစ်လျှင် ငါ့ပညတ်တော်ကစောင့်ထိန်း ကြလော့ ဟု ခရစ် တော်ယေဇူးမိန်တော်မူသော ကြောင့် ဘုရားသခင်၏ ပညတ်တော်များကိုစောင့်ထိန်းခြင်းဖြင့်  ဘုရားသခင်ကို ချစ် ကြောင်းသက်သေပြရမည်။ အချို့သောပုဂ္ဂိုလ်များ သည်၊ ပညတ်တော် ကို စောင့်ထိန်းသောသူတို့ သည်အကြောက်တရားကို လက်ကိုင်ထားကြသူများ ဖြစ်သည် ဟု ၎င်း၊ ငရဲရောက်မှာကြောက်သူများဖြစ်သည်ဟု၎င်း ပြောတက်ကြပါသည်။
မှန်ပါသည် ပညတ်တော်များကို စောင့်ထိန်းသောသူများသည် အမှန်တကယ် အ ကြောက်တရားကို လက်ကိုင်ထားကြပါတယ်၊ ငရဲရောက်မှာကြောက်ကြပါတယ်၊သင်ရောငရဲရောက်မှာမကြောက်ဘူးလား၊ ဘုရားစကားနားမထောင်သော သူဖြစ်မှာမကြောက်ဘူးလား၊ သင်စဉ်းစားသင့်ပါသည်။ သင်၏ စိတ်၌ခရစ်တော်ကိုယ်ယုံကြည်ရင် ငရဲမရောက်နိုင် ဟုယုံ ကြည်ရင်ယုံကြည်နိုင်ပါသည်၊ခရစ်ယာန်ဘာသာဝင်အားလုံးသည်၊ခရစ်တော်ကိုယုံကြည်ကြသူ များ ဖြစ်ကြပါသည်၊ ခရစ်တော်ကိုယုံကြည်ပြီး မကောင်းမှုမှန်သမျှအကုန်လုပ်၊ နတ်ဆိုးနှင့် ပေါင်းဖက်၊ ပညတ်တော်ကိုစောင့်ထိန်းမှုမပြု ဘဲနှင့် ငရဲမရောက်ဘဲ ကောင်းကင်နိုင်ငံ တော် ကိုရောက်နိုင်မယ်လို့ သင်မထင်ပါနှင့် ထိုသို့ ပြုလုပ်သူများသည်၊ ဆိုးယုတ်သောသူများဖြစ် သည်(ရှင်မသ၁ဲခရစ်ဝင်-၂၅း၄၁)တွင် ဆိုးယုတ်သောသူများအား ခရစ်တော်ယေဇူးသည် ငါ့ထံမှထွက်သွား၍ထာဝရ တောက်လောင်နေသော ငရဲမီးထဲသို့ ဆင်းလော့ ဟုမိန့် တော်မှု၏။
ပညတ်တော်ကိုစောင့်ထိန်သောသူများသည်၊ ဆိုးယုတ်သောသူများ ဖြစ်မှာ ကို ကြောက်ကြပါသည်။ သင်ရော ကျွန်ုပ်တိုရောဆိုးယုတ်သူများမဖြစ်ဘို့ဘုရား သခင်၏ ပညတ်တော်များနှင့် မင်္ဂလာတရားတော်မျုားလိုက်နာစောင့်ထိန်းဘို့ လိုအပ်ပါတယ်၊ သင်လိုက် နာနိုင်စေရန် ဘုရားသခင်၏ ပညတ်တော် (၁၀)ပါးအားဖေါ် ပြလိုက်ပါသည်။
(၁)ဘုရားတစ်ဆူအပြင်၊မည်သည့်အရာသတ္တဝါကိုဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းမပြု နှင့်။
(၂) ဘုရားရှင်၏ နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းမပြုနှင့်။
(၃) ဘုရားရှင်၏ သီတင်းပွဲနေ့ တို့ ကိုစောင့်လော့၊
(၄) မိဘတို့ အား ရိုသေခြင်းကို ပြုလော့။
(၅) လူ၏ အသက်ကို သတ်ပုတ်ခြင်းကို မပြုလင့်။
(၆) ကာမဂုဏ်အမှု၌ ကျုးလွန်ခြင်းကို မပြုလင့်။
(၇) သူ၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းငါးကို မပြုလင့်။
(၈) မုသားသက်သေခံခြင်းကို မပြုလင့်။
(၉) သူ၏ သားမယားကို တပ်စွမ်းခြင်း မရှိစေလင့်။
(၁ဝ) သူ၏ပစ္စည်းဥစ္စာကို လိုချင်သော လောဘစိတ်မရှိစေလင့်။
ပညတ်တော်(၁၀)ပါးအားဘုရားသခင်သည်၊ ဓမ္မဟောင်းလက်ထက်တွင် မိုးဇယ်အားပေးခဲပြီး ဓမ္မသစ်လက်ထက်၌ ခရစ်တော်ယေဇူးကထပ်မံ အတည်ပြုခဲ့ပါ သည်။ ဤအကြောင်းအရာများသည် ကျမ်းစာတွင်ပါရှိသော (မာကု ၁၂း၃ဝ)(ယော ၁၄း၁၅-၂၄)(ယာ ၂း၇)(ဆာ ၁၁၈း၂၄)(ကောလော ၃း၂ဝ)(၁ယော ၃း၁၅)(မဿဲ ၅း၃၇)(မဿဲ ၂၅း၄၁)ကျမ်း ချက်များမှကောက်နှတ်ဖေါ်ပြပါသည်။
ဘာသာသူတစ်ဦးစီသည် ကယ်တင်ခြင်းသတင်းကောင်းကိုဟောပြော၊ ဝတ်ပြု၊သက်သေခံနိုင်ကြပါစေ.........

Thursday, 27 June 2013
နော်ဝေရောက်မြန်မာကက်သလစ်မိသားစု ဘလော့မှ ကြိုဆိုပါ၏။
"အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်နေလျှင် သူသည် အသီးများစွာ သီးလိမ့်မည်" (ယောဟန် ၁၅း၅)
မိတ်ဆွေ။ ကျွန်ုပ်တို့ နော်ဝေရောက်မြန်မာကက်သလစ်မိသားစုဘလော့မှ မိတ်ဆွေအား ကြိုဆိုပါသည်။ ဤဘလော့အား ဖန်တီးရခြင်းမှာ ကျွန်ုပ်တို့နော်ဝေနိုင်ငံရောက် မြန်မာကက်သလစ်များအားလုံးကို ဘုရားသခင်၏အသင်းတော်အတွင်း၊ ကျောင်းဗိမာန်တော်အဖြစ် စုစည်းနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ဤနော်ဝေရောက်မြန်မာကက်သလစ်မိသားစုကိုလည်း အခြားနိုင်ငံများသို့ရောက်ရှိနေသော သိုးစုများနှင့်လည်း အထိအတွေ့ရရှိစေရန်အတွက်လည်း ရည်ရွယ်ပါသည်။ ထို့အတူ မိမိတို့အမိမြန်မာပြည်ရှိ ဆွေမျိုးအသိုင်းအ၀ိုင်းများ၊ ညီအစ်ကိုမိတ်ဆွေများ၊ ဘာသာဝင်များ စသည်တို့အားလည်း ကျွန်ုပ်တို့နော်ဝေရောက် မြန်မာကက်သလစ်များ ဘာတွေလုပ်နေသည်၊ ဘာတွေပြုလုပ်မည်၊ ဘယ်တွေလိုအပ်နေမည် စသည့်လှုပ်ရှားမှု့များကိုလည်း သိစေရန် ရည်ရွယ်ထားပါသည်။
မိတ်ဆွေများအားလုံးအပေါ် ဘုရားသခင်၏ကျေးဇူးတော်အစဉ်သက်ရောက်ပါစေ။ အာမင်။

Subscribe to:
Posts (Atom)