Friday, 28 June 2013

ဘုရားသခင်၏ ပညတ်တော်

ဘုရားသခင်၏ အကြီးဆုံးပညတ်ကားအဘယ်နည်း။(၁)ဘုရားသခင် ကိုစိတ်နှစ်လုံးအကြွင်းမဲ့၊ ဥာဏ်စွမ်းရှိသမျှနှင့်ချစ်ရန်။ (၂)နီးစပ်သောသူတို့ကိုကိုယ်နှင့်အ မျှချစ်ရန် ဖြစ်ပါသည်။ အချို့ သောပုဂ္ဂိုလ်များသည်ငါတို့သည်ဘုရားသခင်ကိုချစ်သည် ဘုရားသခင်ကိုချစ်ရုံနှင့်ပြီး ပြည့်စုံ ပြီဟုထင်တက်ကြပါသည်၊လွှဲမှားသောအယူအဆဖြစ် ပါသည်။ ဘုရားသခင်ကိုချစ်ပြီး ဘုရား သခင်ပြောသမျှ ဟောကြားသောမင်္ဂလာ တရား တော်များနှင့်ပညတ်တော်များကို မလိုက် နာ ဘဲနေလျှင်ဘုရားသခင်ကိုချစ်ရာရောက် တယ်လိုသင်ပြောနိုင်ပါ သလား၊ဘုရားသခင်ကိုသင် ချစ်ကြောင်းဘယ်လိုသက်သေပြမ လဲ၊ သက်သေပြရန်လွယ်ကူပါတယ်၊ (ရှင်ယောဟန် ခရစ် ဝင် -၁၄း၁၅) မှာ ငါ့ကိုသင်တို့ ချစ်လျှင် ငါ့ပညတ်တော်ကစောင့်ထိန်း ကြလော့ ဟု ခရစ် တော်ယေဇူးမိန်တော်မူသော ကြောင့် ဘုရားသခင်၏ ပညတ်တော်များကိုစောင့်ထိန်းခြင်းဖြင့်  ဘုရားသခင်ကို ချစ် ကြောင်းသက်သေပြရမည်။ အချို့သောပုဂ္ဂိုလ်များ သည်၊ ပညတ်တော် ကို စောင့်ထိန်းသောသူတို့ သည်အကြောက်တရားကို လက်ကိုင်ထားကြသူများ ဖြစ်သည် ဟု ၎င်း၊ ငရဲရောက်မှာကြောက်သူများဖြစ်သည်ဟု၎င်း ပြောတက်ကြပါသည်။

မှန်ပါသည် ပညတ်တော်များကို စောင့်ထိန်းသောသူများသည် အမှန်တကယ် အ ကြောက်တရားကို လက်ကိုင်ထားကြပါတယ်၊ ငရဲရောက်မှာကြောက်ကြပါတယ်၊သင်ရောငရဲရောက်မှာမကြောက်ဘူးလား၊ ဘုရားစကားနားမထောင်သော သူဖြစ်မှာမကြောက်ဘူးလား၊ သင်စဉ်းစားသင့်ပါသည်။ သင်၏ စိတ်၌ခရစ်တော်ကိုယ်ယုံကြည်ရင် ငရဲမရောက်နိုင် ဟုယုံ ကြည်ရင်ယုံကြည်နိုင်ပါသည်၊ခရစ်ယာန်ဘာသာဝင်အားလုံးသည်၊ခရစ်တော်ကိုယုံကြည်ကြသူ များ ဖြစ်ကြပါသည်၊ ခရစ်တော်ကိုယုံကြည်ပြီး မကောင်းမှုမှန်သမျှအကုန်လုပ်၊ နတ်ဆိုးနှင့် ပေါင်းဖက်၊ ပညတ်တော်ကိုစောင့်ထိန်းမှုမပြု ဘဲနှင့် ငရဲမရောက်ဘဲ ကောင်းကင်နိုင်ငံ တော် ကိုရောက်နိုင်မယ်လို့ သင်မထင်ပါနှင့် ထိုသို့ ပြုလုပ်သူများသည်၊ ဆိုးယုတ်သောသူများဖြစ် သည်(ရှင်မသ၁ဲခရစ်ဝင်-၂၅း၄၁)တွင် ဆိုးယုတ်သောသူများအား ခရစ်တော်ယေဇူးသည် ငါ့ထံမှထွက်သွား၍ထာဝရ တောက်လောင်နေသော ငရဲမီးထဲသို့ ဆင်းလော့ ဟုမိန့် တော်မှု၏။

ပညတ်တော်ကိုစောင့်ထိန်သောသူများသည်၊ ဆိုးယုတ်သောသူများ ဖြစ်မှာ ကို ကြောက်ကြပါသည်။ သင်ရော ကျွန်ုပ်တိုရောဆိုးယုတ်သူများမဖြစ်ဘို့ဘုရား သခင်၏ ပညတ်တော်များနှင့် မင်္ဂလာတရားတော်မျုားလိုက်နာစောင့်ထိန်းဘို့ လိုအပ်ပါတယ်၊ သင်လိုက် နာနိုင်စေရန် ဘုရားသခင်၏ ပညတ်တော် (၁၀)ပါးအားဖေါ် ပြလိုက်ပါသည်။

(၁)ဘုရားတစ်ဆူအပြင်၊မည်သည့်အရာသတ္တဝါကိုဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းမပြု နှင့်။

(၂) ဘုရားရှင်၏ နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းမပြုနှင့်။

(၃) ဘုရားရှင်၏ သီတင်းပွဲနေ့ တို့ ကိုစောင့်လော့၊

(၄) မိဘတို့ အား ရိုသေခြင်းကို ပြုလော့။

(၅) လူ၏ အသက်ကို သတ်ပုတ်ခြင်းကို မပြုလင့်။

(၆) ကာမဂုဏ်အမှု၌ ကျုးလွန်ခြင်းကို မပြုလင့်။

(၇) သူ၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းငါးကို မပြုလင့်။

(၈) မုသားသက်သေခံခြင်းကို မပြုလင့်။

(၉) သူ၏ သားမယားကို တပ်စွမ်းခြင်း မရှိစေလင့်။

(၁ဝ) သူ၏ပစ္စည်းဥစ္စာကို လိုချင်သော လောဘစိတ်မရှိစေလင့်။

ပညတ်တော်(၁၀)ပါးအားဘုရားသခင်သည်၊ ဓမ္မဟောင်းလက်ထက်တွင် မိုးဇယ်အားပေးခဲပြီး ဓမ္မသစ်လက်ထက်၌ ခရစ်တော်ယေဇူးကထပ်မံ အတည်ပြုခဲ့ပါ သည်။ ဤအကြောင်းအရာများသည် ကျမ်းစာတွင်ပါရှိသော (မာကု ၁၂း၃ဝ)(ယော ၁၄း၁၅-၂၄)(ယာ ၂း၇)(ဆာ ၁၁၈း၂၄)(ကောလော ၃း၂ဝ)(၁ယော ၃း၁၅)(မဿဲ ၅း၃၇)(မဿဲ ၂၅း၄၁)ကျမ်း ချက်များမှကောက်နှတ်ဖေါ်ပြပါသည်။

ဘာသာသူတစ်ဦးစီသည် ကယ်တင်ခြင်းသတင်းကောင်းကိုဟောပြော၊ ဝတ်ပြု၊သက်သေခံနိုင်ကြပါစေ.........

No comments:

Post a Comment