မိုးကလည်းရွာ ထီးကလည်းမပါ
လူတစ်ယောက် ခရစ်ယာန် ဘုန်တော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။
လူ ။ ။ဖားသား တပည့်တော်အပြစ်ဝန်ခံချင်လို့ပါ။ဘုန်တောကြီး။ ။ပြော ငါ့သား
လူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတယောက်အိမ်သွားလည်တာ သူငယ်ချင်လည်းမရှိဘူး
သူ့မိန်းမပဲရှိတယ်။ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်
မိုးကရွာပါလေရော။ခက်တာက ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာ
ထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ
ထီးကလည်းမပါဆိုတော့ သိပ်ပြီး အပြစ်မရှိပါဘူး
လူ ။ ။တနေ့က ခယ်မအိမ်သွားအလုပ်ရှိလို့သွားတာ
ခယ်မခင်ပွန်းကလည်းမရှိဘူး။ဒါနဲ့ပြန်မယ်လည်းလုပ်ရော
မိုးကရွာပါလေရော။ကျွန်တော်မလည်း ထီးလည်းမပါဘူး။ဒီတော့
မိုးကလည်းရွာထီးကလည်းမပါနဲ့ခယ်မနဲ့ မှားခဲ့ပါလေရော။
ဘုန်းတော်ကြီး။ ။အင်းလေး ပြန်ချင်စိတ်ရှပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့
သိပ်ပြီး အပြစ်မရှိပါဘူး။
လူ ။ ။ဟိုနေ့ကလည်း ယောက်ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး
ဘယ်သူမှမရှိဘူး ။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်း
မိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မိပြန်ရော။
ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။
ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား....လူ ။ ။မပါဘူးလေ ဘာဖြစ်လို့လည်း။
ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့။
No comments:
Post a Comment