Monday, 1 July 2013

ယုံကြည်ခြင်း

အဆုံးအစမဲ့ ထာဝရဘုရားသခင်
ယုံကြည်ခြင်းဖြင့် ကိုးကွယ်ပါ၏

ဘုရားသခင်ပေးသောအသက်သာ
နောက်ဆုံးစက္ကန့်တိုင်း ယုံကြည်ပါ၏

ဘုရားသခင်၏နှုတ်တော်ထွက်စကား
ယုံကြည်ခြင်းဖြင့် ဖတ်ရှုပါ၏

ထာဝရအသက်ကိုယ်တော်မြတ်
ယုံကြည်ခြင်းဖြင့် ပင့်ယူပါ၏

ညအိပ်ခါနီး ဒူးထောက်ဆုတောင်း
ယုံကြည်ခြင်းဖြင့် ရှိခိုးပါ၏

မနက်မိုးသောက် အလင်းတန်းရောက်
ယုံကြည်ခြင်းဖြင့် ချီးမွှမ်းပါ၏

  ဘုရားသခင်၏ ချစ်ခြင်းပညတ်
ယုံကြည်ခြင်းဖြင့် ချစ်ခင်ပါ၏

ဘဝဒုက္ခခဏတွေ့ရသော်လည်း
ယုံကြည်ခြင်းဖြင့် ဖြတ်သန်းပါ၏

ယုံကြည်ခြင်း၏အတိုင်းအစ
မည်မျှပင်သေး
မုန်ညင်းစေ့လောက် ရှိစေကာမှု
ရှေ့မှတောင် နောက်သို့ရွှေ့နိုင်

ထို့ကြောင့်ပင်
သင်ကော၊ ကျွန်ုပ် ကော
ထာဝရဘုရားသခင်အား
နှလုံးသားထဲ ယုံကြည်ပါက
အဖခမည်းတော်၏ဒုတိယနိုင်ငံ
ဝင်ရောက်ဖို့ရန် မခက်လှတော့ပေ။
                                                    ဝဏ္ဏစိုင်း(နမ္မတူ)


No comments:

Post a Comment