ဘုန်းဘုန်း ။ ။ တာတေ သားရဲ့မွေးနေ့ဘယ်နေ့လဲ။
တာတေ ။ ။ အောက်တိုဘာ ၁၀ရက်ပါ ဖာသာရ်။
ဘုန်းဘုန်း ။ ။ ဘယ်နှစ်ခုနှစ်မှာလဲ။
တာတေ ။ ။ နှစ်တိုင်းပါပဲ ဖာသာရ်။
***************
ဘုန်းဘုန်း ။ ။ ယေဇူးနဲ့ ဗုဒ္ဓနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေ အားလုံးမှာတူညီတာဘာရှိလဲ။
တာတေ ။ ။ သူတို့မွေးတဲ့နေ့ရောက်တိုင်း ကျောင်းတွေပိတ်ပါတယ် ဖာသာရ်။
***************
ဘုန်းဘုန်း ။ ။ သားရဲ့ဘွားဘွားက အားဆေးလိုခြင်တယ်လို့ပြောတယ်၊ ဗီတာမင်Aလား၊ Bလား၊ C
လားမသိဘူး။
တာတေ ။ ။ ကိစ္စမရှိပါဘူး ဖာသာရ်၊ အစဉ်ပြေတာပေးလိုက်ပါ၊ အဘွားက အင်္ဂလိပ်စာမတတ်တော့
ABCမသိပါဘူး။
***************
ဘုန်းဘုန်း ။ ။ သားကို သားရဲ့မေမေက အလှူငွေထည့်ဖို့(၅၀၀)တန်တစ်ရွက်နဲ့ မုန့်ဝယ်စားဖို့(၅၀၀)
တန်တစ်ရွက်ပေးလိုက်တယ်လို့ သားမေမေက ပြောတယ်။ သားက မစ္ဆားအပြီးမှာ မုန့်
ဝယ်စားပြီး ဘာလို့ မစ္ဆားထဲမှာ အလှူငွေမထည့်တာလဲ။
တာတေ ။ ။ သားလမ်းမှာ(၅၀၀)တန်တစ်ရွက်ကျပျောက်သွားလို့။
ဘုန်းဘုန်း ။ ။ သားမှာ (၅၀၀)တန်တစ်ရွက်ကျန်သေးတာပဲလေ။
တာတေ ။ ။ မဟုတ်ဘူးဖာသာရ်၊ ကျပျောက်သွားတာက အလှူငွေထည့်ရမဲ့ (၅၀၀)တန်ပါ။
ဂျွန်ဝီလျံ
No comments:
Post a Comment