Tuesday, 2 July 2013

သေခြင်းရဲ့အခြားတစ်ဖတ်မှာ

                            ကမ္ဘာလောကမှာ ဖြစ်လာတာမြန်သလိုပျက်သွားတာလဲမြန်ပါတယ်။ ကောင်းလာတာရှိသ လို ဆိုးလာတာတွေလဲရှိတယ်။ ပျော်ရွှင်စရာများသလို စိတ်ပျက်စရာတွေလဲများတယ်။ ဒီလိုတိုတောင်းလှတဲ့ မိမိရဲ့ ဘဝအသက်တာကို ဘယ်လိုခရီးဆက်ကြမလဲ။ လူသားတွေရဲ့ဘဝမှာလူတွေစိတ်ဝင်စားတဲ့အရာတွေ
မြောက်များစွာရှိတယ်။ ဘာလိုဒီလိုစိတ်ဝင်စာကြသလဲဆိုရင် မိမိဘဝနှင့်ကိုက်ညီလို့ မိမိဘဝတိုးတက်ကြီး ပွားစေလို့ မိမိဘဝကိုပျော်ရွှင်စေခြင်လို့ စိတ်ဝင်စားကြတယ်။ ဒါဟာလဲ မဆန်းပါဘူး။ ချမ်းသာတဲ့ ကုမ္ပဏီ ကအမြတ်များများရဖို့ စိတ်ဝင်စား ကြသလို ဆင်းရဲတဲ့ သူတွေကလည်း နေ့ဖို့ညစာအတွက် စိတ်ဝင်စား ကြတယ်။ ချမ်းသာတဲ့ သူတွေကဖျားနာရင် ဘယ်သမားတော်၊ ဘယ်ပါရဂူ၊ ဘယ်အထူးကုဆေးခန်းမှာ ပြ ရမယ်ဆိုတာကိုစိတ်ဝင်စားကြတယ်။ ကျောင်းဆရာ/မတွေက ကျောင်းသား/သူတွေကို ဘယ်လိုသင်ကြား ရမယ်၊ ကျောင်းသား/သူတွေကလည်း ဒီစာကို ဘယ်လိုကျက်မှတ်ရမယ်ဆိုတာကို စိတ်ဝင်စားကြတယ်၊ စိတ်ဝင်စားကြတွေဟာ မတူညီကြပါဘူး။ ဒါဟာအဆန်းမဟုတ်ပါဘူး။ ကိုယ်နဲ့ပတ်သက်ပြီ ကိုယ်နဲ့သင့်  
တော်တဲ့အရာကိုစိတ်မဝင်စားတာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ သေခြင်းတရားဖြစ်တယ်။ သေခြင်တရား က လူဖြူ၊ လူမဲ၊ ဆင်ရဲ၊ ချမ်းသာ၊ ပညာတတ်တာ၊ မတတ်တာကိုမရွေးဘဲ လူသားအားလုံးနဲ့သက်ဆိုင်တယ်၊ လူသားအားလုံးဟာ သေကြရမယ်။ (ကမ္ဘာဦးကျမ်း ၃း၁၉) သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။
                            တချို့က သေခြင်းအကြောင်းကိုပြောရင် နှာခေါင်းရှုံ့ကြတယ်။ မင်္ဂလာမရှိဘူးလို့ဆိုကြ တယ်။ ဒါဟာလုံးဝမှားရွင်းတဲ့ အတွေးအခေါ်ဖြစ်တယ်။ လူသားတွေဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်ကြ တယ်။ (၁) ဘယ်အသက်အရွယ်မှာသေမှာလဲ၊ (၂) ဘယ်အချိန်သေမှာလဲ၊ (၃) ဘယ်ရောဂါနဲ့သေမှာလဲ၊ (၄) ဘယ်နေရာမှာသေမှာလဲ၊ (၅) သေပြီးရင်ကော ဘယ်ကိုသွားမလဲဆိုတဲ့ မသိခြင်တွေနဲ့ အသက်ရှင်နေကြ တယ်။ လူသားတွေဟာ မွေးဖွားလာကတည်းက သေမဲ့ရက်ကိုမသိမသာ စောင့်နေကြတာဖြစ်တယ်။ ဒါ ကြောင့်ဘယ်အသက်အရွယ်သေမယ်၊ ငါက အသက်ငယ်သေးတယ်မသေခြင်သေးဘူး ပြောလို့မရပါဘူး။
ငယ်တဲ့အချိန်မှာ ပညာရှာ၊ လူလတ်ပိုင်းမှာ ဥစ္စာရှာ၊ လူကြီးပိုင်းမှာ တရားရှာမယ်ဆိုတဲ့အတွေးအခေါ်တွေလဲ မရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သေမင်းက မျက်နှာမလိုက်တတ်လို့ဖြစ်တယ်။
                         သေမဲ့အချိန်ကိုမသိတဲ့အတွက်ကြောင့် မသေခင်ဘယ်လိုပြင်ဆင်ကြမလဲ။ လူဟာ ဘယ်အ
ချိန်သေမလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။  ငါကတော့ မနက်ဖန်စောစော မသေချင်ဘူး။  ငါကတော့နေ့ လည်နေပူချိန်မှာ မသေချင်ဘူး။  ငါကတော့ညသန်းခေါင်ချိန်မှာ မသေချင်းဘူး ပြောလို့မရပါဘူး။ သေမင်း ကလာဘ်မစားတတ်ဘူး။  လူဟာဘာရောဂါနဲ့သေမယ်ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။ ငါကတော့
လေဖြတ်ပြီးမသေချင်ဘူး။ ငါကတော့ (HIV/AIDS) ရောဂါနဲ့မသေချင်ဘူး။ ငါကတော့ အဆုတ်တီဘီရောဂါ နဲ့မသေချင်ဘူး။ ငါကတော့မီးလောင်ခံရပြီးမသေချင်ဘူး။ ငါကတော့ ရေနစ်ခံပြီး မသေချင်ဘူး ပြောလို့ မရ ပါဘူး။
                        တကယ်တော့ လူတစ်ယောက်ဟာ ဘယ်လိုသေတယ်ဆိုတာအရေးမကြီးပါဘူး။ ဘယ်လိုအ သက်ရှင်နေထိုင်တယ်ဆိုတာက အဓိကဖြစ်တယ်။ လူဟာဘယ်နေရာမှာသေးမယ်ဆိုတာ မသိနိုင်ဘူး၊ ငါက
တော့သင်္ချိုင်းကောင်းကောင်း ရှိတဲ့နေရာမှာသေမယ်။ ငါကတော့ ရဟန်းဘုန်းကြီးရှိတဲနေရာမှာသေမယ်၊ ငါ ကတော့ မိသားစုစုံတဲ့နေရာမှာသေမယ်၊ ငါကတော့ တောတောင်ထဲမှာမသေချင်ဘူးလို့ ပြောလို့မရပါဘူး။
သေမင်းက သစ္စာရှိတယ်။ သူခေါ်မဲ့သူကို သူခေါ်မဲ့အချိန်ရောက်ရင် ခေါ်ကိုခေါ်တယ်။ လူဟာသေပြီးရင်ကေါ
ဘယ်ကိုသွားမလဲ။ ခရစ်ယာန်တွေရဲ့ယုံကြည်ချက်ကသေပြီးရင် ဝိညာဉ်ဟာကောင်းကင်နိုင်တော်ကိုရောက်
စေချင်တယ်။ မိမိရဲ့ ဝိညာဉ် ကောင်းကင်းနိုင်ငံတော်ကို ရောက်ဖို့ ဘာတွေလိုအပ်သလဲ။ မသေခင်ဘာတွေ လုပ်ကြမလဲ။
                        (ရှင်မာတေဦး ၇း၂၁) ငါကို သခင်သခင်ဟုခေါ်သောသူတိုင်း ကောင်ကင်နိုင်ငံသို့ ဝင်ရလိမ်
မည်မဟုတ်။ ကောင်းကင်ဘုန်၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကိုဆောင်ရွက်သောသူသာလျှင် ဝင်ရလိမ်မည်။ ဘုရားသခင်ရဲ့ အလိုကိုဆောင်ရွက် တယ်ဆိုတာ အသက်ရှင်ချိန်မှာဘာသာတရား အား
ထုတ်ပြီးကောင်းတဲ့ အမူအကျင့်တွေနဲ့ နေထိုင်းသွားရမယ်။ မိမိရဲ့ အသက်မသေခင် ပညတ်တော်(၁၀)ပါး
အသင်းတော် ကျင့်ဝတ်(၆)ပါး၊ ခရစ်တော် တည်ထောင်ထားတဲ့ စက္ကရမင်း(၇)ပါးနဲ့ အခြားယုံကြည်ရာအ
ချက်များကို လက်ခံလိုက်ကျင့်ရမယ်။ နောက်ပြီး မိမိပတ်ဝန်းကျင်မှာရှိတဲ့ မရှိဆင်းရဲ ဒုက္ခရောက်နေသူများ
မိမိရဲ့ အကူအညီကိုလိုအပ်နေသူများအား ကူညီမစရမယ်။ နောက်ဆုံးစီရင်နေ့မှာ လူမျိုးအပေါင်းတို့ကိုစု
ဝေးစေပြီး သိုးတို့ကို လက်ယာဘက်၊ ဆိတ်တို့ကို လက်ဝဲဘက်၌ ထား၍ လက်ယာဘက်၌ ရှိသောသင်တို့
ကမ္ဘာဦးအစကတည်းကသင်တို့အတွက်ပြင်ဆင်ထားသောကောင်းကင်နိုင်ငံကိုအမွေခံကြလော့။အကြောင်း
မှုကား ငါဆာလောင်သော အချိန်၊ ငါရေငတ်သောအချိန်၊ ငါသူစိမ်း ဖြစ်သောအချိန်၊ ငါအဝတ်မရှိသောအ
ချိန်၊ ငါဖျားနာသေအချိန်၊ ငါထောင်ထဲ၌ နေသောအချိန်၌ သင်တို့သည်ငါ့အတွက်ဖြည့်ဆည်းလုပ်ဆောင်
ပေးခဲ့ကြ၏လို့ဆိုတယ်။ သူတို့တွေဟာ ယေဇူးကိုယ်တော်တိုင် တွေ့ပြီး အဲ့လိုလုပ်ပေးခဲ့ကြတာမဟုတ်ဘဲ လိုအပ်နေသူ ဘယ်သူကိုမဆို လုပ်ပေးခဲ့ကြတာဖြစ်တယ်။ "သိမ်ငယ်ဆုံးသောငါ၏ညီအကိုတို့တွင် တစ်ဦး
ကိုသင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပြုစု၏" လို့(မာတေဦး ၂၅း၃၁-၄၆)မှာ နောက်ဆုံးစီရင်ခြင်းအကြောင်းကို
ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ဖြစ်ပျက်လွယ်ပြီး တိုတောင်းလှတဲ့ လူဘဝမှာ ဘယ်လိုအသက်ရှင်နေထိုင်
သွားပြီး သေခြင်းရဲ့ အခြားတစ်ဖက်မှာ ကျွန်ုပ်တို့ကိုကောင်းကင်ရွှေနိုင်တော်က ဆီးကြိုမှာလား၊ ထာဝရ
ငရဲကဆီးကြိုမှာလာဆိုတာကို ကျွန်ုပ်တို့က ရွေးယူကြရမှာဖြစ်တယ်။
                        တစ်ခါက လူတစ်ယောက်ဟာ အကြားမြင်ရတယ်၊ သူဟာ အခြားသူရဲ့လက်ထဲ၊ လွယ်အိတ်
ထဲမှာဝှက်ကွယ်ထားတဲ့ အရာကိုကူ့ရဲ့ အကြားမြင်ပညာနဲ့ တတ်အပ်ပြောနိုင်တယ်။ ဒါကြောင့်သူ့ကိုရွာထဲ
ကလူကြီးများသာမက လူငယ်များ၊ အမျိုးသမီးများကပါခင်တွယ်ကြတယ်။ ဒါကိုမကျေနပ်၊ မနှစ်မျိုတဲ့ လူတစ်
စုက သူ့ကိုအရှက်ခွဲဖို့ကြံစည်ကြတယ်။ ဒါနဲ့တစ်နေ့မှာ အကြားမြင်ရ ပုဂ္ဂိုလ်က အမျိုးသမီးတွေနဲ့ဝိုင်ဖွဲ့
စကားပြောနေတုန်း လူတစ်စုရောက်လာပြီးသူ့ကိုပြောတယ်။ မင်းဟာ အကြားမြင်ရတယ်ဆို သတင်းကြီး
နေတယ်။ ဒါပေမဲ့ ငါတို့မယုံဘူး။ ငါတို့ကိုယုံအောင် မင်းပြောနိုင်ရင်ငါတို့ယုံမယ်ပြောတယ်။ သူတို့အထဲ
မှ လူတစ်ယောက်က လွယ်အိပ်ထဲ မှာလက်နှိုက်ပြီး အခု ငါ့ရဲ့လက်ထဲမှာကိုင်ထားတာဘာလဲလို့မေးတယ်။
အကြားမြင်ရပုဂ္ဂိုလ်ကလည်း ဌက်ပေါက်စလေးလို့ပြောတယ်။  အေး......ဒါတော့မှန်တယ်။ အဲ့ဒီဌက်က အ
သေလား၊ အရှင်လားလို့မေးတယ်။ အကြားမြင်ရပုဂ္ဂိုလ်က ဒါတော့ မင်းသဘောဘဲလို့ပြောလိုက်တယ်။
ငါက ဌက်ကိုအရှင်ကောင်လို့ပြောရင် မင်းက ဌက်ကို ညှစ်သတ်လိုက်မယ်။ ငါက အသေလို့ပြောရင် မင်း
က ဒီအတိုင်းပြမယ်လို့ပြန်ပြောပါသတဲ့ကွယ်။
                          ဒါကြောင့် လောကမှာ အသက်ရှင်နေကြတဲ့ ကျွန်ုပ်တို့လူသားတွေ သေခြင်းရဲ့ အခြားတစ်
ဖတ်မှာ ကောင်းကင်ရွှေနိုင်တော်နဲ့ ထာဝရငရဲဆိုတာအမှန်တစ်ကယ်ရှိတယ်။ ကျွန်ုပ်တို့ကဘယ်အရာကို
 ရွေး မလဲ။ အထက်က အဖြစ်အပျက်လို မင်းရဲ့ သဘောအတိုင်း ကောင်းကင်ရွှေနိုင်တော်လား၊ ထာဝရငရဲ လားဆိုတာအမှန်တစ်ကယ်ရှိတယ်။ ကျွန်ုပ်တို့က ဘယ်အရာကိုရွေမလဲ။ မင်းရဲ့ သဘောအတိုင်း ရွေးယူ
သွားနိုင်ဖို့ ကြိုးစားအားထုတ်သွားကြရအောင်။

                                                                     ကျောက်(ဖားကန့်)



















No comments:

Post a Comment