ဥရောပရောက်မြန်မာကက်သလစ်များစုပေါင်းဝတ်စောင့်ကြခြင်း
ဥရောပရောက်မြန်မာကက်သလစ်အဖွဲ့ချုပ်(MCC-EU)မှ ကြီးမှူးကျင်းပသော
ဒုတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်မှု သင်တန်းနှင့်
ဝတ်စောင့်ပွဲအား ဖင်လန်နိုင်ငံ(ဟဲစင်ကီးမြို့) Finland, Helsinki ၌ ၁၆-၂၀.၀၇.၂၀၁၃နေ့ရက်အထိ၅ရက်တာကျင်းပပြုလုပ်ခဲ့ကြပါသည်။လူငယ်ခေါင်းဆောင်မှုသင်တန်း နှင့် ဝတ်စောင့်ပွဲအား မော်လမြိုင်သာသနာမှဖာသာရ်ဗညားနွယ်မှဦးဆောင်ကျင်းပပေးခဲ့ပါသည်။လူငယ်ခေါင်း ဆောင်မှုသင်တန်းတွင်လူငယ်များအား(၁)လူပုဂ္ဂိုလ်ဆိုင်ရာဖွံဖြိုးတိုးတက်မှု(Personal Development) နှင့်(၂)ထွန်းပေါက်အောင်မြင်သူတို့အလေ့အထ(၇)ရပ်(Habits of Highly Effective People)ဟူသော ခေါင်းစဉ်နှစ်ရပ်ဖြင့် ပို့ချပေးခဲ့ပြီး စုပေါင်းဝတ်စောင့်ခြင်းတွင်(လူမည်သည်ကား
ခရစ်တော်၌ရှိလျှင် အသစ်ပြု ပြင်သောသတ္တာဖြစ်၏။ ၂ကော ၅း၁၇) ခေါင်းစဉ်ဖြင့် အသက်တာပြောင်းလဲခြင်းအကြောင်း၊
အသက်တာ ပြောင်းလဲရန်ခရစ်တော်လိုအပ်ကြောင်း၊သန့်ရှင်းသောဝိညာဉ်တော်ခွန်အားဖြင့်လျှောက်လှမ်း ရန်လိုအပ်
ကြောင်းကျမ်းချက်များကိုကိုးကား၍ဟောကြားခဲ့ပါသည်။ထို့နောက်ကုသခြင်းအစီအစဉ်ပြုလုပ် ခြင်း၊ကျေးဇူး
တော်ချီးမွမ်းခြင်းများပြုလုပ်ကာလူငယ်ခေါင်းဆောင်မှုသင်တန်းတွင်တက်ရောက်ကြသောလူ ငယ်မောင်မယ်(၈၀)ယောက်အားသင်တန်ဆင်းလက်မှတ်များပေးအပ်ပြီးလွိုင်ကော်သာသနာမှအလယ် ရောက်ရှိလာသောဆရာတော်စတီးဗင်း ကျေးဖဲ နှင့်ဖာသာရ်ဗညာနွယ်၊ဖာသာရ်ဖရန်စစ်စိုးနိုင်တို့မှ ကျေးဇူးတင်မစ္ဆားတရား
တော်ကိုတင်ပူဇော်ကြပြီးဝတ်စောင့်ခြင်းကိုအဆုံးသတ်ခဲ့ပါသည်။ထို့လူငယ်
ခေါင်းဆောင်မှု
သင်တန်းနှင့်ဝတ် စောင့်ပွဲတွင် လူကြီး၊လူငယ်စုစုပေါင်း၁၆၀ ပါဝင်တက်ရောက်ခဲ့ ကြ ပါသည်။
သတင်း (MCC-EU)
No comments:
Post a Comment