Saturday, 6 July 2013

မနက်ဖြန် ၁၄ကြိမ်မြောက်တနင်္ဂနွေကျမ်းစာကို ဖတ်ရှု့မိသော် -

သခင်ခရစ်တော်က တပည့်တော် အပါးခုနှစ်ဆယ်ကို စေလွှတ်သည့်အကြောင်း တွေ့ရသည့်အပြင် ရိတ်သိမ်းစရာများစွာရှိနေပြီး ရိတ်သိမ်းသူနည်းပါးသောကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများ စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက်ကြဖို့ ပြောဆိုနေပါတယ်။ ထို့အပြင် သံပေါလူးစာစောင်ထဲတွင်လည်း ခရစ်ယာန်စစ်မှန်လျှင် အပြင်ပမ်းထက် အနှစ်သာရဖြင့်သာ အသက်ရှင်သင့်ကြောင်း အတိအလင်းဟောကြားထားပါတယ်။ နောက်ဆုံး ၀ါကြွားစရာဟူ၍ ယေဇူးခရစ်တော်၏ကားတိုင်တော်သာ ဖြစ်ကြောင်း ထောက်ပြထားတာကို တွေ့ရပါလိမ့်မယ်။ 

ကျွန်ုပ်တို့ခရစ်ယာန်တိုင်းဟာ ခန္တာတစ်ခုတည်းသော အသင်းတော်ရဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ ဦးခေါင်းဖြစ်တဲ့ သခင်ခရစ်တော်နှင့် ဆက်နွယ်နေပြီး အသင်းတော်ရဲ့သဘာဝအလျောက် သာသနာပြုများ ဖြစ်ကြပါတယ်။ ဆိုလိုချင်တာက - အသင်းတော်ရဲ့ဦးဆောင်ဦးရွက်ပြုနေသူတွေသာမဟုတ်ဘဲ ယုံကြည်သူများ ဖြစ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း ခရစ်တော်ရဲ့ သတင်းကောင်းကို သက်သေခံ မျှဝေဖို့ လိုအပ်ပါတယ်။
ကိုရင် (ဒိုမီနီကန်)



No comments:

Post a Comment