သင်းအုပ်ဆရာသုံးပါး နေ့လည်စာ စားနေကြစဉ် တစ်ယောက်က
”နွေရာသီရောက်ကတည်းက ဘုရားကျောင်းရဲ့ ထပ်ခိုးနဲ့ ငါ့အခန်းထဲမှာကြွက်တွေ
တော်တော် ဒုက္ခပေးတယ်။အသံနဲ့ ခြောက်လန့်ကြည့်တယ်။ ပိုးသတ်ဆေးလည်းသုံးတယ်။
ကြောင်တွေ လည်း ထားတယ်။အကုန်စမ်းကြည့်ပြီးပြီ။ ဒါပေမယ့် ဒီကောင်တွေ ဘာကိုမှ
ကြောက်လန့်ပုံမပေါ်ဘူး”
ဟုပြောသည်။ ထိုအခါ နောက်တစ်ယောက်က
”ဟုတ်တယ်၊ ငါ့ဆီမှာလည်း ဘုရားကျောင်း မျှော်စင်နဲ့ အခန်းတွေမှာ ကြွက်တွေ
အများကြီးပဲ။ အဲဒီနေရာတွေကို ဓါတ်ငွေ့ဖြန်းပြီးပြီ။ ဘာမှ မထူးပါဘူး။”
ဟုပြောရာ တတိယလူက ငါကတော့ ရှိသမျှအကောင်ကို ရေနှစ်ခြင်း ပေးလိုက်တယ်။
ပြီးတော့ အားလုံးကို အသင်းသားဖြစ်အောင် လုပ်ပစ်လိုက်တယ်။ အဲ့ကတည်းက
တစ်ကောင်မှမမြင်ရတော့ဘူး။
Encounter Magazine မှတင်ပြပေးပါသည်။
No comments:
Post a Comment