Thursday, 5 September 2013

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာမရှိသောသူသည်၊ ဘုရားသခင်းကိုသိရှိခြင်းမရှိပေ။ အကြောင်းမူကား ထာဝရဘုရားသခင်
သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ (The who does not love has known God, for Gog is love.) ရှင်ယော
ဟန် ပထမစာစောင် (၄း၈) (I Jn. 4:8)။
လူတစ်ဦးချင်းစီ၏ နေစဉ်ဘဝအသက်တာမှာ အကောင်းနှင့် အဆိုးရွေးချယ်ရန် နေ့စဉ်ကြုံတွေ့နေရပါတယ်
မိမိနှင့် အစဉ်ပြေသူ မိသားစုတစ်ဦးဦး ကိုချစ်ရန်လွယ်ကူသော်လည်း၊ မိမိနှင့်အစေးမကပ်သူ၊ ယှဉ်ပြိုင်ဘက်
များ၊ မိမိတစ်ခါမျှ မမြင်ဘူးသောသူ တစိမ်းတစ်ယောက်ယောက်ကို ရက်ရက်ရောရော ကူညီရန် ချစ်ခြင်း
မေတ္တာပြဖို့ရန်လွယ်ကူမည်မဟုတ်ပေ။ ရုပ်ရည်ချောမောသော၊ ဥစ္စာ ပစ္စည်းကြွယ်ဝသူ၊ ပညာတတ်သူ၊
တို့နှင့်ကျွန်တော်တို့ စကားပြောဆိုရန် ဝန်မလေးကြသော်လည်း၊ တောင်းရမ်းစားသောက်သောသူ၊ ပြုစု
စောင့်ရှောက်သောသူမဲ့သောအဖိုး၊ အဖွားများနှင့် စကားပြောဆိုရန်ဝန်လေးတတ်ကြ၏။ ခရစ်ယာန်
တစ်ဦးရဲ့ ဘဝဆိုတာ လောကဆန္ဒကိုပြစ်ပယ်ပြီး
လောကုတ္တရာ နှင့်ဆိုင်သောအရာများကိုလုပ်ဆောင်
ခြင်းဖြစ်သည်။ "ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်
တော်မူ၏"ဟုသမ္မကျမ်းစာတွင်ဖတ်ရပါသည်။
တရားဒေသနာတွင်နာယူရသည်။ကျွန်ုပ်တို့ကိုးကွယ်
သော ဘုရားသခင်သည်၊ ချစ်ခြင်းမေတ္တာနှင့်ပြီးပြည့်စုံ
ပြီး လူသားအားလုံးကိုချစ်တော်မှုသော်လည်း သူ့ကိုကိုးကွယ်သောကျွန်ုပ်တို့တစ်ဦးခြင်းစီသည် ချစ်ခြင်း
နေတ္တာနှင်ကင်းကွာသူများဟုပြောလျှင်လွန်မည်မထင်ပေ။ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်ပြီးခရစ်ယာန်တွေ
နှင့်မစိမ်းသော ကျမ်းပိုဒ် တစ်ပိုဒ်ရှိပါတယ်။ ဒါကတော့ ရှင်လုကာ အခန်းကြီး၁၀ ဖြစ်ပါတယ်။ ရှင်လုကာ(၁၀း
၂၅-၃၇)ကတော့ ကောင်းသော စာမရီတန်(Good Samaritan)ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ကောင်းသော
စာမရီတန်နှင့်ကျွန်ုပ်တို့ သိရခြင်းအကြောင်းကတော့ ခွဲခြားမှုမရှိပဲနဲ့ လူတိုင်းကိုချစ်နိုင်ရန်ချစ်တတ်ရန်အ
ရေးကြီးကြောင်းပဲဖြစ်သည်။ သခင်ခရစ်တော်ရဲ့ ကာလမှာ ဂျူးလူမျိုးတွေနဲ့ စာမရီတန်ဟာ အစေးမကပ်ကြ
ဘူး၊ ရန်သူတွေဖြစ်ကြတယ်၊ ရှင်လုကာရေးထားတဲ့ ကောင်းသော စာမရီတန်ထဲမှာ သေလုမြောပါးအရိုက်ခံ
တဲ့ ဂျူးလူမျိုးတစ်ဦးကို သူရဲ့ရန်သူလို့ထင်ရတဲ့ စာမရီတန်လုမျိုးကကယ်တင်ခဲ့တယ်။ ကောင်းသောစာမရီ
တန်(Good Samaritan)ဆိုတာလူတစ်ဦးနှင့်တစ်ဦးကြားမှာ ထားရမဲ့ ချစ်ခြင်းမေတ္တာ စေတနာ ကိုသင်ကြား
ပေးတဲ့ကျမ်းပိုဒ်ဖြစ်ပါတယ်။ ကောင်းသောစာမရီတန်မှာ သခင်ယေဇူးကဘာပြောသလဲဆိုရင်"သင်၏
ဘုရားသခင်အား အကြွင်းမဲ့ချစ်လော့၊ သင်နှင့်နီးစပ်သောသူကို သင့်ကိုသင် ချစ်သလိုချစ်ပါ" မိန့်တော်မှု
ခဲ့ပါတယ်၊ (Good Samaritan) ကျမ်းပိုဒ်ဆိုတာ ဘေးခြင်းယှဉ် (Horizontal)ချစ်ခြင်းမေတ္တာ ကျွန်တော်ကြား
မှာရှိရမဲ့ ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ ရှင်လုကာရေးသားထားတဲ့ (Good Samaritan) ကျမ်းပိုဒ်ဟာ အခန်း
ငယ် ၃၇မှာ ပြီးသွားတာမဟုတ်ပါဘူး၊ အခန်းငယ် ၄၂ အထိရှိပါတယ်၊ ရှင်လုကာ အခန်းကြီး ၁၀း၃၈-၄၂
အထိသည် သခင်ခရစ်တော် မာသားနှင့် မယ်ရီဆီကြွသွားခြင်းဖြစ်သည်။ မယ်ရီသည် သခင်ယေဇူး၏
ခြေတော်ရင်းတွင်ထိုင်၍ တရားတော်ကိုနာယူခဲ့သည်။ လုပ်များနေသောမာသားက မယ်ရီအား သူကို
ကူညီဖို့ရန် သခင်ယေဇူး အားတောင်းလျှောက်တဲ့အခါ၊ သခင်ယေဇူး
က မာသားအားပြောသည်မှာ"မယ်ရီသည်အကောင်းဆုံးသောအရာကို
ရွေးချယ်လေပြီ"ဟု ပြန်လည်မိန့်ကြားလေသည်။ ဒီနေရာမှာ မယ်ရီ
သည် သခင်ယေဇူးအပေါ် ထားသောချစ်ခြင်းမေတ္တာကို(Ventical)ဒေါင်
လိုက်သွားသောချစ်ခြင်းမေတ္တာဟုခေါ်လျှင်မှားမည်မဟုတ်ပေ။ လူသား
ကဘုရားကိုချစ်သောချစ်ခြင်းမေတ္တာပင်ဖြစ်ပေသည်။ ထို့ကြောင့်
လုကာ ၁၀း၂၅-၄၂ အားဖြင့် ချစ်ခြင်းမေတ္တာဆိုတာဟာ ဘုရားကိုမေ့ပြီး
လူသားအချင်းချင်းမှာ မေတ္တာထားလျှင်မပြည့်စုံ၊ လူကိုမေ့ပြီး ဘုရား
သခင်ကိုသာ ချစ်လျှင် လည်းမပြည့်စုံ၊ (Horizontal) ဘေးခြင်းယှဉ်ချစ်ခြင်း
မေတ္တာသည်မပြည့်စုံ၊ဒေါင်လိုက် (Ventical) ချစ်ခြင်းမေတ္တာသည်လည်း
မပြည့်စုံ၊ ဒီနှစ်ခုပေါင်းမှသာလျှင် ပြည့်စုံသည်။ သို့မှသာ ဘုရားသခင်
ကိုချစ်ခြင်း(သို့) လူကိုသာလျှင်ချစ်ခြင်း မဟုတ်ပဲနှင့်  ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာသည် ဘုရားနှင့်
လူသားတွေကိုမျှတစွာချစ်သော ချစ်ခြင်းမေတ္တာပင်ဖြစ်ပေသည်။

                                                                                                 ဘုန်းဘုန်း ဂျိုးဇက် မဿဲ (ခေတ္တ ပြင်သစ်)



No comments:

Post a Comment