Tuesday, 10 September 2013

ကိုယ်တော် မျက်စိလည်သွားသည်

မိန်းကလေးတစ်ယောက် နှလုံးရော ဂါနဲ့ အသည်းအသန်ဖြစ်လို့ ဆေးရုံတက် ရတဲ့အခါ ဘုရားသခင်ထံ ဒီလို ဆုတောင်းလိုက် တယ်။
ဘုရားသခင် သမီးကို အသက်ရှည်သော ကာလ ပေးပါ။ ကျန်းမာခြင်းကို ပေးသနား တော်မူပါ။
ကျေးဇူးတော်ကြောင့် ထိုမိန်းကလေးရောဂါကို ဘုရားသခင် လုံးဝပေးပျောက် လိုက်ပါတယ်။
နှလုံးရောဂါ လုံးဝပျောက်သွား တော့ မိန်းကလေး အရမ်းဝမ်းသာသွားတယ်။
ကျန်းမာပြီဆိုတော့ ဆေးရုံက ဆင်းတော့မယ် ပေါ့။ ဒီတော့ အဲဒီမိန်းကလေးက ဆံပင်တွေ အရောင်ဆိုး၊ မိတ်ကပ်တွေလိမ်း၊ ဂျင်းဘောင်း ဘီအတိုနဲ့ ဒေါက်မြင့်ဖိနပ်စီးပြီး အပြတ်ရှိုင်းလို့ ဆေးရုံက ဆင်းလာခဲ့တယ်။
မမျှော်လင့်ပဲ ဆေးရုံရှေ့ ရောက်တော့ လူနာတင်ကားနဲ့တိုက် မိပြီး သေ သွားတယ်။ ဘုရားရှေ့ရောက်တော့ သူမက ဘုရားသခင် မတရားဘူး။
သမီးကို အသက်ရှင်ခွင့် မပေးဘူး လို့ပြောတဲ့အခါ ဘုရား သခင်က ဆောရီးသမီးရယ်၊ ငါ့သမီးကို လူမှား သွားလို့ပါ ဟူသတည်း။

 Encounter Magazine မှ ကောက်နုတ်တင်ပြသည်။

No comments:

Post a Comment