ခရစ်ယာန်များဟာ လက်တွေ့ကျတဲ့ ချစ်ခြင်း မေတ္တာမှာ ရင့်ကျက်မှု ရှိလေ ၎င်းတို့ရဲ့ ဘာသာတရား ဟာလည်း နက်ရှိုင်းမှု ရှိလေဖြစ်တယ်။ သူတို့ရဲ့မေတ္တာဟာ အပေါ်ယံပဲ ရှိရင် သူတို့ ဘာသာ ယုံကြည်မှုဟာလည်း အကာရံလောက်ပဲ ရှိမှာပါ။ ယနေ့ ကမ္ဘာမှာ မေတ္တာကို ယုံတဲ့လူတွေ များပြားသလောက် မေတ္တာနှင့် ဆန့်ကျင်တဲ့ လုပ်ရပ်တွေလည်း များနေကြတယ်။ ဘုရားက ကောင်းရာ မြတ်ရာ ဟောတာပဲ၊ လူတွေက မကောင်းတာ လုပ်နေကြတော့ အခက်သား။ တခါက ခရစ်ယာန် ကောင်ကလေး တယောက်ဟာ ဖျားနာနေတဲ့ သူ့မိခင်အတွက် လမ်းဘေးမှာ ရပ်ပြီး ဖြတ်သွားတဲ့ လူတွေကို အသနားခံ နေရှာတယ်။ အဲဒီ အချိန်မှာပဲ ခရစ်ယာန် ဘာသာဝင် မဟုတ်တဲ့ ကောင်လေး တချို့ဟာ သူ့ကို “ဟေ့၊ မင်းရဲ့ ဘုရားဟာ ခရစ်ယာန်တွေကို မင်း ကူခိုင်းဘို့ မပြောနိုင်ဘူးလား၊” လို့ သရော်ပြီး ပြောလိုက်တယ်။ ဆင်းရဲသားလေးကလည်း မျက်ရည်တ၀ဲ ၀ဲနှင့် ဒီလို ဖြေလိုက်တယ်။ ဘုရားကတော့ ပြောတာပေါ့၊ ဒါပေမဲ့ သူတို့ကမှ နားမထောင်ကြတာ၊ မင်းတို့ကကော နားထောင်ကြလို့လား၊ ဟုတ်ပါတယ်၊ ဘုရားနှင့် ဘာသာကို အပြစ် မကောက်ခင် လူတွေကို အပြစ်တင် ရပါမယ်။
ကမ္ဘာကြီးဟာ ဘယ်အချိန်အခါကမှ အခုလောက် ခေတ်မှီ တိုးတက်ခဲ့တာ မရှိပါဘူး။ ဒါပေမဲ့ အခု ခေတ်လောက်လည်းပဲ ဆိုးသွမ်းမှု၊ မတရားမှုတွေ၊ ကိုယ်ကျိုး အတွက် အာဏာကို ကိုင်တွယ်ထားမှုတွေ ဘယ်အချိန် အခါကမှ မရှိခဲ့ဘူးပါ။ ဒါတွေဟာ လူတွေရဲ့ ခံယူချက်တွေ ယုံကြည် လက်ခံချက်တွေဟာ ဘုရားဟော၊ တရားဟောနှင့် ဆန့်ကျင် ဖီလာနေလို့ပါဘဲ။ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား၊ ကားယား ကြောင့် ဘုရား တရားမဲ့ လူတွေရဲ့ လောဘ၊ ဒေါသနှင့် မောဟတို့ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်မီးများနှင့် မကောင်းဆိုးဝါးမှုများကို အလူးအလဲ အခံရဆုံးကတော့ အပြစ်ကင်းတဲ့ မသိတတ်သေးတဲ့ ကလေးသူငယ်များပဲ ဖြစ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမှာ ဘုရားတရားက မွေးဖွားလာတဲ့ ကိုယ်ချင်းစာမှုနှင့် ချစ်ခြင်း မေတ္တာတရား များပွားများလာဖို့ရန် ဆုတောင်းပေးဘို့ အထူး လိုအပ်နေပါတယ်။ ကမ္ဘာလူသားများဟာ အမျိုးမျိုးသော ၀ါဒီသမားများနှင့် အတ္တသမားများရဲ့ ထုထောင်းမှုများကို ခံခဲ့ကြရသည်မှာ သမိုင်း နှစ်ပေါင်း တော်တော်ကြာခဲ့ပါပြီ။ ဒီလောက်ဆို တော်လောက်ပြီလို့ ထင်ပါတယ်။ “ဖြစ်ရပ်မှန်ပေါ်မှာ တည်ဆောက်ထားတဲ့ မေတ္တာတရား” သာလျှင် လူ့ဘောင်၏ ထွက်ရပ်ဂိုဏ်း ဖြစ်ပါတယ်။ ဘုရားတရားကို ကြောက်ရွံ ရိုသေခြင်းဖြင့် ကိုယ်တော်၏ မေတ္တာတော်နှင့် ကရုဏာတော်အောက်၌ ၀င်ရောက် ခိုလှုံရင်း၊ နီတိ ဒေသနာကျမ်း။ ၁၈။ ၇-၁၄ ထိ နှုတ်ကပါဌ်တော်မှ အားယူ ကြပါစို့လား----
လူတစ်ယောက်သည် အဆုံးသတ်သည်ဟု ထင်သော အခါသူသည် အစûပခြင်းသာဖြစ်၍ ပြီးဆုံးသောအခါ၌ လည်း သူသည် နားလည်ရခက်ခဲဆဲပင်ဖြစ်နေလိမ့်မည်။ လူဆိုသည်ကား အဘယ်အရာနည်း။ သူသည် မည်သို့ တန်ဖိုး ရှိသနည်း။ သူ၌ ရှိသော ကောင်းသော အရာနှင့် ဆိုးသော အရာတို့သည်ကား မည်သည့်တို့ ဖြစ်ကြသနည်း။ လူ၏ သက်တမ်းသည် အလွန်ဆုံးကြာ ရှည်လှလျှင် နှစ်တစ်ရာသာ ဖြစ်ပေ၏။ မကုန်မဆုံး နိုင်သော ထာဝရ ကာလနှင့် နှိုင်းယှဉ်ပါလျှင် ဤနှစ် အနည်းငယ်သော အချိန်သည် ပင်လယ်အတွင်းမှ ရေတစ်စက်၊ သဲသောင်ပြင်မှ သဲတစ်ပွင့်ပမာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ကိုယ်တော်သည် လူတို့ အပေါ် စိတ်ရှည် သီးခံတော်မူ၍ သူ့တွင် သနား ကရုဏာတော်ကို သွန်းလောင်းတော်မူ၏။ ကိုယ်တော်သည် အတိဒုက္ခ ဆင်းရဲခြင်းနှင့် ပြည့်သော လူတို့၏ ဘ၀လမ်းဆုံးကို သိမြင်တော်မူသောကြောင့် သူတို့ကို ပို၍ပင် အပြစ်များမှ ခွင့်လွှတ်တော်မူ၏။ လူ၏ ကရုဏာ မေတ္တာရြှိခင်းသည် သူနှင့် နီးစပ်သော သူအတွက်သာ ဖြစ်၍ ကိုယ်တော်၏ သနား ကရုဏာတော်သည် လူအားလုံးတို့အတွက် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ပြစ်တင် ဆုံးမခြင်း၊ ပြင်ဆင် သတိပေးခြင်းနှင့် သင်ကြား လေ့ကျင့်ပေးခြင်းတို့ဖြင့် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်း လမ်းညွှန် ပေးတော်မူ၏။ ကိုယ်တော်သည် မိမိ၏ ဦးဆောင် လမ်းညွှန်မှုကို လက်ခံသောသူများနှင့် မိမိ၏ ပညတ်များကို လိုက်နာသော သူတို့အပေါ်မှာ သနား ကရုဏာသက်ရောက် စေတော်မ၏။
RVA ထုတ်လွှင့်ချက်မှ
No comments:
Post a Comment