Thursday, 22 August 2013
ကားတိုင်ပေါ်တွင် ခရစ်တော်ပြောကြားခဲသော စကား ၇ခွန်း
၁။အိုအဖသူတို၏အပြစ်ကိုလွှတော်မူပါ။သူတိုသည်ကိုယ်ပြုသောအမူကိုမသိကြ။
သူခိုးနှစ်ယောက်ကြားတွင် ကားတိုင်တင် ခံရချိန်သခင်ခရစ်တော်၏ပထမဆုံး သောစကား ပင်ဖြစ်သည်။ကိုယ်တော်သည်သူအားညှင်းပန်းနှိပ်ဆက်ကားတိုင်တင်ထား သောသူတို၏ အပြစ်ကို ခွင့်လွှတ်ယုံမျှမကခမည်တော်ဘုရားထံတွင်သူတို၏အပြစ်မျုား ကိုအပြစ်များကိုခွင့်လွှတ်ပေးမည့် အ ကြောင်းဆုတောင်းပေးခြင်းဖြစ်သည်။ဤသို့ ဆုတောင်းပေခြင်းဖြင့် ကိုယ်တော်သည်သူဟော ပြော ခဲ့သော တရားဖြစ်သည့် မိမိ၏ ရန်သူကိုချစ်ရမည် သူတို့ အတွက်ဆုတောင်ပေးရမည် (မာသဲ ၅း၄၄ ) ဟူသော တရားကို လက်တွေ့ ပြခြင်းဖြစ်သည်။
၂။ငါအမှန်ဆိုသည်ကား ယနေ့ တွင် သင်သည် ငါ နှင့် အတူ ပရဒီဇူးဘုံ၌ ရှိလိမ့် မည်။
သူနှင့်အတူ လက်ဝါးကပ်တိုင် တင်ခံရသော လက်ယာဘက်ရှိ လူဆိုးအား ပြောသော
စကားဖြစ်သည်။ အကြောင်းမှာထိုလူဆိုးသည်မိမိအပြစ်ကိုဝန်ခံသည်အပြင် သခင်ခရစ်တော်၌ မည်သည့်အပြစ်မျှမရှိကြောင်းကို ထောက်ခံပြောဆိုပြီးထာဝရကယ် တင်ခြင်းအတွက်နှိမ့်ချသော စိတ်ဖြင့်နောင်တရကာ ကိုယ်တော်ထံတောင်လျှေက်လေ သည်။ ကိုယ်တော်သည်လည်း သူနှင့် အတူ ကောင်းကင်သုခ ခံစားရမည်အကြောင်း ကတိပေးခဲ့သည်။ နောင်တရပြီးဘုရားသခင်ထံပြန် လာသောသူကိုဘုရားသခင်သည် အမြဲခွင့်လွှတ်လျှက်ရှိကြောင်း ပြခြင်းပင်ဖြစ်သည်။
၃။သင်၏အမိကိုကြည့်လော့။သင်၏သားကိုကြည့်လော့(ယော၁၉း၂၆ )
လက်ဝါးကပ်တိုင်အောက်တွင်ဝမ်းနည်းကြေကွဲခြင်းအပြည့်နှင့်ရပ်နေကြသောမယ်တော် နှင့်
ချစ်တပည့်ယောဟန်တို့ကို မိန့်မြွတ်သောကိုယ်တော်အမှာစကားပင်ဖြစ် သည်။ ဤသို့မိန့် ဆိုခြင်းဖြင့် ကိုယ်တော် သည်သူ၏ ဒုက္ခစရိယာခံရချိန် သူမိခင်အတွက်အမြဲစဉ်းစားထောက်ရှု တော်မူခြင်းကို ပြသည်။ကိုယ်တော် သည်သူ၏လောကဘဝကုန်ဆုံးချိန်တွင် လောက၌ ကျန်ရှိ နေသော သူ့မိခင်မယ်
တော် ကို သူ့ချစ်တပည့် ထံမှတဆင့် လူသားအားလုံး၏မိခင်အဖြစ် အပ်နှံ ထားခဲလေသည်။
၎။ဧလိဧလိလာမာရှာဗသာနိအကျွန်ုပ်ဘုရား၊အကျွန်ုပ်ဘုရားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း(မာသဲ ၂၇း၄၆ ၊ မာကု ၁၅း၃၄)
သခင်ခရစ်တော်၏စကားသည်(ဆာလံ၂၂း၂)ကိုဆိုလိုခြင်းဖြစ်သည်။အမှန်တကယ်ခမည်းတော်ဘုရားသည် သားတော်အားစွန်ပစ်ထားခြင်းကိုမဆိုလိုပါ။သခင်ခရစ်တော်၏သူမတူသောအသံဖြင့်သူ့ခမည်းတော်ဘုရား
အား အော်ခေါ်ခြင်းသည် လူသားအားလုံးအတွက် သိုး သငယ်အဖြစ်ဖြင့် မိမိကိုယ်ကို ခမည်းတော်ဘုရား
ထံ ပူးဇော်သောအခါ ခံစားရသော နာကျင်မှုကို ပြခြင်းပင်ဖြစ်သည်။
၅။ငါရေငတ်သည် (ယောဟန် ၁၉း၂၈)
သခင်ခရစ်တော်သည် သူ၏ လောကဘဝ နောက်ဆုံးအချိန်တွင် သူသည် လူသား အစစ်ဖြစ်
ကြောင်းကို ပြခြင်းပင်ဖြစ်သည်။ ရေငတ်သည်ဟုဆိုရာ၌လူသားတို့၏ အသက်ရှင်နေ နိုင်ရန် လိုအပ် သည့် ရေဟူသောအရာကိုတောင်းခံခြင်းဖြင့်ကိုယ်တော် သည် ကျွန်ုပ်တို့လို လူသားစစ်စစ် ဖြစ်ကြောင်း ကိုပြသခဲ့သည်။
၆။အမှုပြီးပြီ(ယောဟန် ၁၉း၂၉)
ကိုယ်တော်သည်လောက၌လူသားများ၏ကယ်တင်ခြင်းအတွက် လုပ်ဆောင်ရမည့်တာဝန်
များ ပြီးဆုံးပြီဟုဆိုလိုခြင်းဖြစ်သည်။ပရောဖက်များကြိုတင်ဟောထားသည့်အတိုင်းကိုယ်တော်၏ လော
ကဘဝကို လက်ဝါးကပ်တိုင်ပေါ်တွင် လူသားအားလုံး၏ ကယ်တင်ခြင်းအတွက် အသေ ခံခြင်းဖြင့် ပြီြး့ပည့် စုံခဲ့သည်။
၇။အိုအဘ ကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ (လုကာ ၂၃း၄၆)
သခင်ခရစ်တော်သည်သူ၏အသက်ဝိညာဉ်ကို ဆာလံ ၃၁း၅ ကိုရွတ်ဆိုခြင်း ဖြင့် ခမည်း တော် ဘုရား၏ လက်၌ အပ်နှံထားသည်။ခရစ်တော်ယေဇူးသည် လက်ဝါးကပ်တိုင်ပေါ်တွင် (၃) နာရီကြာတွဲလွှဲ ခိုရှိ နေစဉ် အသက်တော်မစွန့်ခွာမှီပြောခဲ့သောစကား (၇)ခွန်းအား ဘာသာတူ ညီအကိုမောင်နှမ တို့အား သိရှိစေရန် တင်ပြလိုက်ပါတယ်။
ခရစ်ယာန်ညီအကို မောင်နှမအားလုံး ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကြွယ်ဝစုံလင်စွာခံစားရကြပါစေ...............။
MCCN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment