တစ်ခါက တနင်္ဂနွေနေ့ ဘုရားကျောင်းတက်အပြီး ဘာသာသူ အမျိုးသမီးကြီးလေးယောက် ဘာသာရေးအ
ကြောင်းဆွေးနွေးနေရင်းမှာ တစ်ယောက်သောအမျိုးသမီးကြီးမှ စတင်၍ သားသမီးအကြောင်းစတင်ပြော
ကြားကာဤသို့ ဂုဏ်ယူပါတော့တယ်၊
ပထမ အမျိုးသမီးကြီး . . ကျွန်မသားငယ်က
ဖာသာရ် တစ်ပါးလေ.......
သူလာပြီဆိုရင်..... လူတွေက...
သူ့ကို.... ကိုယ်တော် လို့
ခေါ်ကြတယ်.............
ဒုတိယ အမျိုးသမီးကြီး . . ကျွန်မသားကြီးက
မွန်ဆီညှော် လေ.......
သူလာပြီဆိုရင်..... လူတွေက...
သူ့ကို.... အပါး လို့
ခေါ်ကြတယ်.............
တတိယ အမျိုးသမီးကြီး . . ကျွန်မသားကြီးလည်း
ဘိရှော့ဖြစ်ပြီလေ.......
သူလာပြီဆိုရင်..... လူတွေက...
သူ့ကို.... ပါပါကြီး လို့
ခေါ်ကြတယ်.............
စတုတ္ထ အမျိုးသမီးကြီး . . ကျွန်မသားကတော့....
ဓမ္မဆရာပါ.....အရပ်က ၇ပေခွဲ...ကိုယ်အလေးချိန်က...ပေါင်၂၈၀.......
သူလာပြီဆိုရင်..... လူတွေက...
အောင်မလေး ဘုရားသခင် လို့
ပြောကြတယ်.............
D.YAY
No comments:
Post a Comment