ပညတ်တရား၏ အရေးပါမှုကိုကျမ်းချက်နှင့်တကွပိုမိုလေးနက်စွာ လေ့လာ
မယ်ဆိုရင်ဘုရားသခင်သည် အာဒံနှင့်ဧဝကိုဖန်ဆင်းပြီးလွတ်လပ်ပျော်ရွှင်စွာ
နေခွင့် ကိုပေးထား သည်နှင့်အညီပညတ်တခုကိုလည်း ပေးထား ပါသည်။
ထိုအပင်၏အသီးကို မစားရ၊ စားသောနေ့ တွင်ဧကန်အမှန်သေရမည်။ (ကမ္ဘာဦး
၂း၁၇)သူတို့သည်ဘုရား ၏ ပညတ်ချက်ကို ချိုး ဖောက် ကျုးလွန်မိခဲ့ကြလို
့သုခချမ်းသာကို ဆုံးရှုံးခဲ့ရသည်။
နောဧမိသာစုတို့ သည် ဘုရား၏စကားတော်ကိုလိုက်နာကျင့်ဆောင်ခဲ့ကြလို့
့ရေးလွှမ်မိုးခြင်းဘေးအန္တရယ်ကြားမှ အသက်ချမ်သာ ရခဲ့ကြသည်။ (ကမ္ဘာဦး
၆း၁၃၊၈း၁၉)။ ဘုရား သခင်သည် မိမိ၏အလိုတော်ကို ပညတ်
်တော်(၁၀)ဖြင့်သင်ပေးဖေါ်ပြပေး သည်။
ဘုရားသခင်ကိုယ်တော်တိုင်ကျောက်ပြားပေါ်တွင်ကမ္ဗည်းတင်ရေးသားခဲ့သည်။(ထွက်
၃၁း၁၁၊တရား ၅း၂၂) မိုးဇယ်သည် နွားရုပ်ကိုကိုးကွယ်နေသော အီစရာအဲလ်
လူမျိုးတို့ ကိုတွေ့ သောအခါ အလွန်စိတ်ဆိုးပြီးကျောက်ပြားတို့ ကို
ချိုးဖဲ့ပစ်ခဲ့သည်။(ထွက် ၃၂း၁၉)။ သို့ သော် နောက်တစ်ကြိမ် ဘုရားထံ
ပြန်တောင်းရာ ဘုရားသခင် လည်း ပြန်ပေးသည်။ ပညတ်တော်အရေးမကြီးလျှင်
နောက်တစ်ကြိမ် ယူစရာမလိုပါ။ ဘုရားသခင်ကလည်းပေး မည်မဟုတ်ပါ။
ဤကျောက်ပြားကိုထည့်ထားသော သေတ္တာ တော်အားဖြင့် ဘုရားသခင်သည် တန်ခိုးများ
စွာပြသည်။ ယောဒန်မြစ်ကို ဖြတ်ခြင်း ၊(ယောရှု ၄း၉-၁၁)၊ ယေရီခေါ်မြို
့ကိုသိမ်းပိုက်ခြင်း၊(ယောရှု ၆း၁-၂၀)၊ ယေရုဇလင်ဗိန့် မာန်တော်တွင်လည်း
အသန်ရှင်ဆုံး၊ အထွတ် မြတ်ဆုံး နေရာ၌ ထားကြသည်။
ဤပညတ်ကို လူတို့ ၏နှလုံးပေါ်မှာရေးထားမည်ဟုလည်းဘုရားရှင်ဂတိထား
ခဲ့သည်။(ယေ ၃၁း၃၃)။ထိုကြောင့်ဤကျောက်ပြားသည် ဘီစီ၅၈၀
နေဗုခပ်နေဇာမင်းလက်ထက်တွင် ပျောက်ဆုံးပျက်စီခဲ့သော်လည်း သမ္မာ
ကျမ်းစာတော်နှင့် ခရစ်ယန်(ကက်သလစ်) တို့ ၏နှလုံးသားတွင်
ရှင်သန်တည်မြဲနေအုန်းမည်ဖြစ်သည်။
ဓမ္မသစ်တွင်ကြည်မည်ဆိုရင် လူတစ်ယောက်သည်သခင်ယေဇူး ထံလာပြီး ထာဝရ
အသက်ကိုရအံ့သောဌာ အကျွန်ုပ်သည်အဘယ်ကောင်းမှုကို ပြုရမည်နည်းဟုမေးလာခဲ့၏။
သခင်ယေဇူးက ပညတ်တော်ကို ဆောင့် ထိန်းလော့၊ ဟုဆို၏။ (မ
၁၉း၁-၁၉)။ခရစ်တော်မြွတ်ဆိုသည်မှာ ပညတ္တိကျမ်းများကို ဖျက်ပယ်ခြင်းဌာမဟုတ်၊
ပြည့်စုံခြင်းဌာငါလာသတည်း (မ ၅း ၁၇)။ (ယော
၁၄း၁၅)တွင်ငါ့ကိုချစ်လျှင်ငါ့ပညတ်တော်ကိုစောင့်ရှောက်ကြလော့။ ငါ့ပညတ်ကိုရ၍
စောင့်ရှောက်သောသူသည်ငါ့ကိုချစ်သောသူဖြစ်၏။(ယော ၄း၂၁)
ဘုရားသခင်ကို
ချစ်ခြင်းနှင့်တပါးသူကိုချစ်ခြင်းဟူသောပညတ်နှစ်ပါးသည် ပညတ်ကျမ်းတို့ ၏
အချုပ်ဖြစ်ကြောင်း ခရစ်တော်သွန်သင်သည်(မ ၂၂း၃၇-၃၉) ။ပညတ်တော်ဆယ် ပါး၏
ပထမ(၃)ပုဒ်မှာဘုရားကို ချစ်ရမည်
အကြောင်းဖြစ်ပြီးကျန်(၇)ပိုဒ်မှာလူအချင်းချင်း မေတ္တာချစ်ခြင်းထားရမည့်
အကြောင်းဖြစ်သည်။ ထို့ ကြောင့်
ခရစ်တော်သည်ပညတ်တော်(၁၀)ပါးကိုဆက်လက်သွန်သင်နေခြင်းဖြစ်သည်။
တမန်တော်ကြီးများကာလကိုပြန်ကြည့်သော်ပညတ်တော်အရေးကြီးကြောင်း
ဆက်လက်သွန်သင်ကြသည် ။ ပညတ်တော်ကိုစောင့်သောအရာသည်ဘုရားသခင်ကို ချစ်ရာ
ရောက်ပေသည် ။ (၁ ယော ၅း၂-၃)။
ထိုသခင်ကိုငါသိ၏ ဟု ပညတ်တော်ကို မစောင့်ဘဲလျှက်ဆိုသောသူသည်
မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ(၁ ယော ၂း၃-၄)။ ပညတ်တော်ကျင်
့သူများနှင့် နဂါး(မာန်နတ်) တို့ ဆန်ကျင်လျှက် ရန်ငြိုးဖွဲ့ ကြောင်း (ဗျာ
၁၂း၁၇)၌ တွေ့ ရသည်။
အချုပ်ဆိုရသော်ခရစ်တော်သခင်ယေဇူးပေးသောကယ်တင်ခြင်းသည်အဖိုး အခ
မယူသောကျွန်ုပ်တို့၏ပညတ်စောင့်ခြင်းကျင့်ကြံခြင်းမပါသောကျေးဇူးတော်သက်သက်ဖြစ်သည်မှာ
အမှန်ပင်။ထိုကျေးဇူးနှင့်ထိုက်တန်တဲ့ ဘဝ ကိုကြိုစားတည်ဆောက်ရမည်မှာ လဲ
အမှန်ပင်ဖြစ်၏။ ( ဥပမာ - မိခင်သည် သားသမီးအား
ခူးပေးသောထမင်းအတွက်အဖိုးအခမယူသော်လည်း
ညစ်ပတ်နေသောသားသမီးတို၏ပန်းကန်ထဲတွင်မူထည့်ပေး မည်မဟုတ်ပါ ။ အရင်
ဆေးကြောမည်ပင်) ။ ပညတ်တော်ကို စောင့်ခြင်းသည် ငရဲကြောက်လို့ မဟုတ်
။မိုးကောင်းကင်ရခြင်လို့ လဲမဟုတ်။ ဘုရားကိုချစ်ခြင်းကြောင့်သာ
ဖြစ်သင့်သည်။ကျွန်ုပ်တို့၏စိတ်၊နှုတ်၊အကျင့်တို့ကိုဘုရားအလို တော်အတိုင်း အ
ကောင်း ဆုံးထားကြပြီး ယခုဘဝနှင့်နောင်ဘဝအတွက် ကောင်းမှု ပါရမီများ
ဆည်းပူးကာဘုရား သခင်ရဲ့ ကျေးဇူးတော်ဆက်လက်ခံယူကြပါစို့  ။
ဖတ်ရှုသူအာလုံး
ကာယဝိညာဉ်ပျော်ရွှင်လန်းဆန်းနိုင်ကြပါစေ..........
MCCN
No comments:
Post a Comment